လောကမီးအိမ်

လောကမှာငါသိတာ တစ်ခုရှိတယ်..ထိုအရာမှာ ငါသည်ဘာမှမသိ

တစ်ကိုယ်ရည်မှတ်တမ်း

ကဗျာမဆန် ဘာမဆန်နဲ့  ဒဏ်ရာကို ပန်းလို ပွင့်ကြည့်မိခဲ့တာပါ..

တကယ့်တကယ်မှာတော့ တစ်ဘ၀လုံးကို ထွန်ယက်ပြီး နှလုံးသားချည်း

သက်သက် စိုက်ပျိုးဖို့ ဆိုတာ ခက်တယ်..

အနုပညာမမြောက် ဘာမမြောက်နဲ့  ကိုယ့်ရင်ခုန်သံကိုကိုယ်

ထွက်ပေါက်ပေးမိခဲ့တာပါ

တကယ်တမ်းကျတော့ သံယောဇဉ်နယ်နိမိတ်မျဉ်းတွေအောက်မှာ

ဘ၀တလျှောက်လုံးကို လှိုဏ်ခေါင်းလို တူးဖို့ ဆိုတာ ခက်တယ်………

သူရဲကောင်းမဟုတ် ဘာမဟုတ်နဲ့  နောက်မဆုတ်စတမ်း

ဖောင်တွေကို စည်းမရှိ ကမ်းမရှိ ဖျက်ဖျက်နေ မိခဲ့တာပါ…….

တကယ်တမ်းကျတော့ ဘ၀တလင်းပြင်နဲ့  မမျှအောင် အိမ်မက်တွေလည်း

အကျအဆုံး တောင်လိုပုံနေခဲ့ပါပြီဒီလိုနဲ့  လူကြီးလည်းမကျ

လူငယ်လည်းမကတော့ စကောစကအရွယ်မှာ .

မုန်းတိုင်းလိုလည်း အားမပြင်း လေပြေညင်းလိုလည်း

နူးညံ့ခြင်းမရှိတော့တဲ့ လေးတွဲ့ မှုလေးတွေနဲ့  သံသရာထဲ ၀ဲကတော့

အမုန်းထိုးရင်း ရင့်ကျက်မှု ကွက်လပ်တွေကြား

သံဝေဂသီချင်းစာသားလေးတွေကမလှမပ မရတရ.

ပျားရည်ကို တရှိုက်မက်မက် မတပ်မက်တော့သလို

စ်ကိုင်းခြောက်ကိုလည်း မလွတ်ရဲသေးတဲ့ ဖက်တွယ်မှုလေးတွေနဲ့ 

ထွက်ပေါက်ကို မရှာချင်တောင်မှ ရောက်တဲ့အရပ်မှာ ရပ်မနေချင်တဲ့

လူပီသလိုစိတ်ကလေးကဘ၀ကို သားရေကွင်းတစ်ခုလို

ဆွဲဆန့် ထားကြည့်မိတာပါ.

လွတ်လိုက်တိုင်း ကိုင်ထားတဲ့လက်ကို ပြန်လာရိုက်တဲ့ လောကဓံရယ်.

တခါတလေ ငါလည်း

ရောက်တဲ့အရပ်မှာ ရောက်ခဲ့ကြောင်း စာအုပ်တစ်အုပ်နဲ့  ရေးခြစ်ပြီး

စာလုံးပေါင်းမှားနေမိတာပါ..

ဒါ့အပြင် ဘာမဟုတ်သေးပါဘူး..

ညီညီ


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: