လောကမီးအိမ်

လောကမှာငါသိတာ တစ်ခုရှိတယ်..ထိုအရာမှာ ငါသည်ဘာမှမသိ

ဖတ်ကြည့်ပါ

ကိုယ့်လူရေ.သူတို့ ခေတ်မှာပေါ့.

တစ်ကိုယ်တည်း လေးဘက်အခန်းကျဉ်းလေးထဲမှာ လွတ်လပ်မှုတွေ အော်ဟစ်ပျံသန်း

အိပ်စက်ခြင်းနဲ့  စိတ်ဝမ်းကွဲခဲ့သူတွေ အများကြီး.

မနက်ဖြန်တွေမှာ မပါတဲ့ လွတ်လပ်မှုတွေနဲ့  ရူးသွပ်နေသူတွေ အများကြီ.

(ကိုယ့်လူ အဲဒီထဲမှာ မင်းများပါလေမလား)..

လွတ်လပ်မှုနဲ့  တွဲပြီး

ပျော်ရွင်မှုနဲ့  တွဲပြီး

ကျေနပ်မှုနဲ့  တွဲပြီး

အဲဒီသုံးခု ညီညီညွှတ်ညွှတ်တွဲပြီး လူဖြစ်ခွင့် လွဲချော်ခဲ့ရ..လွတ်လပ်မှုတစ်ခုကို ရဖို့ 

နာကျည်းမှုရော အသက်တွေပါ ရောပြီး ထည့်ချိန်လိုက်ပေမယ့် လျှာမထွက်လာတဲ့

လောကချိန်ခွင်ကြီးကို တခါတလေ အလိုမကျ ဖြစ်ခဲ့ရ..

မလောက်မဌ ပျော်ရွှင်ခြင်းတွေကို ဒုက္ခများများနဲ့  စားခဲ့ရ

ဘ၀ကို ဖဲချပ်တစ်ခုလို ကုလားဖန် အထိုးခံရ.ဝေဖဲထဲမပါ..ဆွဲဖဲထဲမပါအောက်ဆုံး

ဖဲဖြစ်ခဲ့ရ သူတို့ ခေတ်ထဲမှာပေါ့..ဒီလိုတွေဖြစ်နေတဲ့နေ့ တွေကို တွေ့ ရတော့

ဒီနေ့ လို မနက်ဖြန်တွေ ဖြစ်လားအုံးမလား.ကိုယ့်လူရေ.

အောက်ဆုံးဖဲ အဖြစ်မခံချင်ရင် ဘာလုပ်မလဲ ကိုယ့်လူရေ

ညီညီ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: