လောကမီးအိမ်

လောကမှာငါသိတာ တစ်ခုရှိတယ်..ထိုအရာမှာ ငါသည်ဘာမှမသိ

တကိုယ်ရည်မှတ်တမ်း(၂)

ငါဟာ …
လောကဓံခြေထောက်တွေ ၀ိုင်းကန်ခံရတဲ့ ဘောလုံးလေးတစ်လုံးဖြစ်တယ်…..

ငါဟာ…
ကံကြမ္မာအိုးထိန်းသည်လက်ထဲက ခပ်နာနာ အပုတ်ခံရတဲ့ အိုးလေးတစ်လုံလည်း ဖြစ်တယ်….

ငါဟာ…
မာနနဲ့  ဖျတ်ခနဲ ကြေကွဲတတ်တဲ့ ထိရှလွယ်မှန်တစ်ချပ်လည်း ဖြစ်တယ်….

ငါဟာ…
မျှော်လင့်ခြင်းသိုက်မြုံပျက် သင်းကွဲငှက်တစ်ကောင်လည်းဖြစ်တယ်…

ငါဟာ…
မုန်တိုင်းတစ်ခုလို တိုက်ခတ်နိုင်ဖို့  အရှိန်ယူနေဆဲ လေပွေငယ်လေးလည်းဖြစ်တယ်…

ငါဟာ…
ကဗျာတစ်ပုဒ်ဖြစ်အောင် ကြိုးစားရင်း စာရွက်တွေကို ဆွဲဆုတ်နေခဲ့မိတာကလွဲရင် ဘာမှ မဟုတ်သေးပါဘူး….

တကယ်တော့ ငါဟာ…
မင်းဖတ်နေတဲ့ ကဗျာတစ်ပုဒ်ကလွဲရင် လောကထဲမှာ စာလုံးပေါင်းမှားနေတဲ့ ကောင်လေးတစ်ယောက်ပါပဲ…

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: