လောကမီးအိမ်

လောကမှာငါသိတာ တစ်ခုရှိတယ်..ထိုအရာမှာ ငါသည်ဘာမှမသိ

“ သူ့ ခမျာ အားငယ်နေရှာတယ် ”

             ကျွန်တော် ဒီနေ့  ပရိုဂရမ်တစ်ခု သုံးနေရင်းနဲ့  ကောင်လေးတစ်ကောင်နဲ့ တွေ့ ခဲ့ရတယ် ….
ဒီကောင်လေးနဲ့ သေသေချာချာ စကားပြောဖြစ်တယ်ဗျာ …. ဒါကြောင့် ဒီကောင်လေးအကြာင်းကို
ကိုယ့်အကို ညီလေးတွေကို ပြောပြချင်လို့  ဒီပိုစ့်ကို ရေးလိုက်တာပါ …
           ကျွန်တော့်တို့ တွေ ကွန်ပြုတာကို သုံးတယ် … OS ပေါ်မှာ တင်ထားတဲ့ ပရိုဂရမ်လေးတွေ သုံးတယ်ဗျာ …မသုံးတတ်ရင် စာအုပ်လိုက်ရှာဝယ်ကြတယ် … အင်တာနက်မှာ ရှာကြ စာအုပ်ဆိုင်မှာ လိုက်ရှာတာနဲ့ တင်အတော်မောရတယ်ဗျာ …
                  ဒါပေမယ့် ကျွန်တော်တို့ တွေ အနီးကပ်ဆုံးက ကောင်လေးတစ်ကောင်ကိုမေ့ထား
ကြတယ်ဗျာ … သူကတော့ ကျွန်တော်တို့ အခေါ်ကို စောင့်လို့ …ကောင်လေးက တခြားသူတော့
မဟုတ်ဘူးဗျ ... Menu Bar ပေါ်က HELP   !!!! လေးပါ ... ကဲ … Help အကြောင်းလေး နည်းနည်းပြောပြချင်တယ်ဗျာ …ဒီကောင်လေးဘာလဲ …???? ဒီကောင်လေးက 
ဘာလုပ်ပေးနိုင်လို့ လဲ ???….
                 ဟုတ်ကဲ့ … ကျွန်တော်ကတော့  အကိုတို့ တွေသုံးနေတဲ့  ဆော့ဝဲ ပရိုဂရမ်ကနေ အနီးကပ်ဆုံးနဲ့ အလွယ်ကူဆုံးသော ရှင်းလင်းချက်တွေကို ပြောပြပေးရတဲ့  ကောင်လေးပါ … 
ပြောပြချင်ပေမယ့် အကိုတို့ က ကျွန်တော့်ကို မခေါ်တာ … (ဝမ်းနည်းနေတာ)
သေစမ်းဗျာ … စာအုပ်တွေ လိုက်ရှာနေတဲ့  အချိန်တွေကို နှမြောလိုက်တာ …ဟုတ်ပါတယ် …
ကျွန်တော်တို့ တွေ သူ့ ကိုမေ့ထားကြပါတယ် … တကယ်တမ်းတော့  ပရိုဂရမ် ဆော့ဝဲတိုင်းမှာ
ဒီကောင်လေး အမြဲပါ ပါတယ် …


                    ဥပမာ – ဝင်းဒိုးမှာ ဆိုရင် Hep and Support ပါတယ် … ဝင်းဒိုးအသုံးပြုပုံကို မေးမြန် ရှာဖွေနိုင်ပါတယ် ..အကုန်လုံးကို စုံလင်စွာ ရေးထားပေးပါတယ် … ဝင်းဒိုးမှာပဲ ပါတာ မဟုတ်ပါဘူး … 
ပရိုဂရမ်တွေမှာကျတော့  Menu ဘားအပေါ်မှာ ဒီကောင်လေးရှိတယ် …ပရိုဂရမ်ရဲ့ ရှင်းလင်းချက် 
အသုံးပြုပုံ တွေကို ဆော့ဝဲ ရေးသားသူကပြည့်ပြည့်စုံစုံလေး ဒီကောင်လေးကို ပြောပြထားတယ် … 
ဒါပေမယ့်  ကျွန်တော်တို့ တွေ သုံးရမှန်းမသိကြဘူး …စာအုပ်တွေပဲ လိုက်ရှာဝယ်နေကြတယ် … 
ဒီကောင်လေးမှာ အသုံးပြုပုံ ရှင်းလင်းချက် လုပ်ဆောင်ချက်တွေကိုပြည့်စုံစွာ ထည့်သွင်းပေးထားပါတယ် … 
              စာအုပ်တွေကျတော့ သုံးစွဲနည်း အဆင့်ဆင့်တွေကို ဖွဖွရွရွလေးရေးထားတာကြောင့် 
ဖတ်လို့ ကောင်းတယ်ဗျာ … ဒါပေမယ့်  စာအုပ်တွေက ဈေးကြီးပေးဝယ်ရတယ် …ဒေါင်းလုပ်လုပ်တာကို 
မဆိုလိုဘူးနော် … ဒီကောင်လေးကျတော့ အမြဲတမ်း ဝန်ဆောင်မှုပေးတယ် … အလကားပဲဗျာ …
                ပရိုဂရမ်တစ်ခုတိုင်းမှာ ဒီကောင်လေးကို လက်ဆောင်ထည့်ထားပေးတယ်ဗျ ..
အဲဒါကြောင့် ဒီကောင်လေးကို ခေါ်သုံးဖို့ မမေ့ကြပါနဲ့  …ခေါ်ဖြစ်အောင် ခေါ်ဗျာ …
“ သူ့ ခမျာ အားငယ်နေရှာတယ် …”
 ကြိုးစားလျက် .. ညီညီ(လောကမီးအိမ်)
 
 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: