လောကမီးအိမ်

လောကမှာငါသိတာ တစ်ခုရှိတယ်..ထိုအရာမှာ ငါသည်ဘာမှမသိ

“အမေသို့  ပေးစာ…”


ဒီအချိန်ဆို ဘယ်လိုဖြစ်နေမလဲ … ဘာတွေလုပ်နေမလဲ … အမေ

အမေနဲ့ အနေဝေးတာကြာပြီပေါ့… သတိရတယ်အမေ … အမေ့အိမ်ကိုသတိရတယ် ….

ဘယ်အချိန်မှာ အမေ့အိမ်ကို ပြန်ရောက်မယ်မသိခဲ့တဲ့ အဝေးရောက်နေတဲ့အမေ့သားပါ …

အမေရေ …

အမေသိရဲ့ လား … အမေ့သားရဲ့ ရင်ထဲမှာ အမေ့ကိုလွမ်းတဲ့စိတ်တွေ အမြဲထပ်နေခဲ့တယ် …

အမေစိတ်ပူနေရတဲ့ သားငယ်လေးကတော့ အမေနဲ့ ဝေးရာတနေရာမှာ … အမေ့အိမ်နဲ့ ဝေးနေဆဲ …

အမေ့ကိုသတိရစိတ်တွေ ဖြစ်လာတိုင်း မျက်နှာပေါ်မှာ မိုးရွာချ .. သားသတိရတယ် အမေ …

ပြန်လာချင်တယ်အမေ … အမေ့ရဲ့ ရင်ခွင်ထဲမှာ ခေါင်းဝှက်ပြီး ပုန်းကွယ်ချင်တယ်အမေ … လောကကြီးက

ရှာမတွေ့ အောင်လေ …  အမေ့ရဲ ရင်ခွင်ကတော့ ဘာနဲ့ မှနှိုင်းလို့ မရတဲ့ နားခိုရာနေရာလေးပါ …

မကြာခင်သားပြန်လာမယ်အမေ … ခံစားရတဲ့ ဝေဒနာတွေများလို့  ခံနိုင်ရည်နည်းလှပေါ့ အမေ …

အမေ …

ကိုးလလွယ်လို့ ဆယ်လမှာ ဖွားခဲ့တာ မဟုတ်ပါဘူး …

ခန္ဓာကို အရင်းတည် လောကမြစ်ကို လက်ပစ်ကူး…

နှလုံးသားနဲ့ လွယ်တဲ့ ရင်သွေးငယ် …

ဘဝတွေနဲ့ ထုဆစ်လို့  ကျွန်တော်လူဖြစ်လာတယ် …

ငယ်ငယ်ကတော့ ချိုမိုင်မိုင် ကြီးလာတော့ ယိုင်တိုင်တိုင်နဲ့ ..

ကကြီးပြီးမှ ခကွေး လာတာမသိ အမေ့အိတ်မှာ ပိုက်ဆံရှိတယ်တဲ့ …

ကာတွန်းကားထဲက ဒိုရီမွန်အိတ်ကဒ်လို အမေ့အိတ်ကဒ်ထဲမှာ

ကျွန်တော့်လိုချင်တာ အကုန်ရှိခဲ့တယ် … အားဗွားလို့ လုပ်လိုက်တာနဲ့ 

အံသွားပေါ်အောင် ကျေနပ်နေတဲ့ အမေ ….
အခုတော့ အမေရေ …

သားသိပါပြီ …

နေ့ တိုင်းသားနှိုက်နှိုက်နေတဲ့ အမေ့အိတ်ထဲမှာ အမေ့ချွေးတွေ အမေစတေးခဲ့တာတွေ  …

ပြန်လာခဲ့မယ် .. အမေရေ ..

ဒီတခါ … အမေ့အိတ်ထဲက သားဘာမှမနှိုက်တော့ပါဘူး …

ပါးလွှားလှတဲ့ အမေ့အိတ်ထဲကို သားထည့်စရာတွေရှိတယ် အမေရေ … ဒီအချိန်

အမေ့အိမ်မှာ ဖယောင်းမီးလေး လင်းနေရောပေါ့  ….

အမေ …. ပေါ့ပျက်ပျက် ရယ်သမ်းသွေး ဒီကောင်လေးရဲ့ ရင်ထဲမှာ အမေ့အတွက် 

လေးနက်ခြင်းတွေရှိခဲ့တယ် ..
 

ညီညီ(လောကမီးအိမ်)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: