လောကမီးအိမ်

လောကမှာငါသိတာ တစ်ခုရှိတယ်..ထိုအရာမှာ ငါသည်ဘာမှမသိ

“ခဏတာ အဝေးများ”

♦ ခဏတာ ဝေးနေ .. ခဏတာလေး ဝေးနေရင် ပိုကောင်းမယ် …
ဘာတစ်ခုမှ စိတ်မဆိုးဖြစ်ခဲ့ပါဘူး .. မင်းပြောခဲ့တာအားလုံးကိုပေါ့ ..
ငါမသိခဲ့ပါဘူး .. ငါသိပ်မသိခဲ့ပါဘူး .. ဟိုပြောဒီပြောဖြစ်တဲ့စကားတွေက
ဘာအဓိပ္ပါယ်တွေလဲ ဆိုတာကိုလေ …

♦ နားမလည်ခဲ့ပါဘူး … ဒါပေမယ့် နားလည်သလိုငါနေခဲ့တယ် …
မင်းပြောခဲ့တယ်လေ … ငါတို့ တွေ အရမ်းဝေးနေရင် မကောင်းဘူးဆိုတာ ..
တွေ့ လိုက်တဲ့အခါတိုင်း ပြဿနာလေးတွေရှိခဲ့တယ် …
ဘာကြောင့်လဲဆိုတာကိုတော့ ငါမသိခဲ့ပါလေ …

♦ ငါ့အနေကတော့ အမြဲအမှန်တွေလုပ်ခဲ့တာပဲ .. ဒါပေမယ့်
အလိုလိုနေရင်း အားလုံးမှားကုန်တယ် … ငါမှားခဲ့တယ်ပေါ့ …
ဘာတွေမှားလဲ … မသိခဲ့ရဘူးလေ …

♦ အသစ်တွေ့ နေပြီလား … ငါမင်းကိုယုံကြည်ရမလား ..
မတွေ့ ချင်သေးဘူးဆိုတဲ့ စကားကို မင်းဘယ်သူ့ ဆီကငှားခဲ့သလဲ …
ခဏတာဝေး … ခဏတာအဝေးမှာပဲ … မင်းနောက်တစ်ယောက်ကို
တွေ့ သွားတာထင်ပါတယ် … မင်းငါ့အပေါ်ထားတဲ့ အချစ်ဆိုတာတွေ
ကုန်သွားခဲ့ရင် ငါ့ကိုဖွင့်ပြောခဲ့ပါလား … မင်းဘာဖြစ်လို့ အလွမ်းလက်ဆောင်တွေပဲ
ပေးပေးနေတာပါလိမ့် …

♦ ခဏတာအဝေးတွေက ဘယ်လောက်ထိကြာအုံးမှာလဲ …
ရှင်လျှက်နဲ့ သေနေရတဲ့ ဒီဘဝကအချစ်တွေအတွက် ဘာကြောင့်ဝေးနေရမှာလဲ …
ဘာကြောင့် ငါတို့ တွေလမ်းမခွဲတာလဲ …

♦ အချင်းချင်းတွေပဲ … ပွင့်ပွင့်လင်းလင်းဖွင့်ပြောခဲ့ပေါ့ … မင်းကငါမှမဟုတ်ပဲ …
မင်းဘယ်လိုသိမှာလဲ … နားထောင်နေရင်း စိတ်မကောင်းဖြစ်နေတာကိုလေ …
ငါ့အနေကတော့ အမြဲအမှန်တွေ လုပ်ခဲ့တာပဲ .. ဒါပေမယ့် အလိုလိုနေရင်း အားလုံးကမှားကုန်တယ်လေ ..

♦ ငါမှားခဲ့ပါတယ် … ခဏတာအဝေးလေးမှာပေါ့ ….

(ရာစုနှစ်သစ်တွင်း နှလုံးသားတွေကြားမှာ မြင်တွေ့ နေရတာကိုတကိုယ်ရည်အတွေးနဲ့  ရေးလိုက်တာပါ … ညီညီ(လောကမီးအိမ်) …..)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: