လောကမီးအိမ်

လောကမှာငါသိတာ တစ်ခုရှိတယ်..ထိုအရာမှာ ငါသည်ဘာမှမသိ

“ ဘဝကို စာမေးပွဲစစ်ခြင်း ”

(အဟဲ .. ဘာမှတော့မဟုတ်ပါ .. လာတက်စ်တဲ့သူရှိလို့ အားတင်းရေးလိုက်တာ .. ပထမဆုံးတက်ပို့ စ်ဖြစ်တဲ့အတွက်
အမှားရှိရင် နားလည်ပေးကြပါကုန်တော့ ဘော်ဘော်တို့ ရေ….)

♦♦♦ ဘဝမှာ ဘာအဓိကလဲလို့ မေးလာရင် သင်ရဲ့ အဖြေက ဘာလဲ..?????
(၁)စီးပွားရေး
(၂)လူမှုရေး
(၃)ပညာရေး
(၄)အချစ်ရေး
(၅)နိုင်ငံရေး

♦♦♦ …$……₤……฿……ရေးပေါင်းများစွာထဲက သင့်ရဲ့ အဖြေကဘာလဲ …???
 

အရင်တုန်းကတော့ ဘဝကိုပေါ့ပျက်ပျက်ရယ်သွမ်းသွေး လောကကြီးကိုအလေးမထားတဲ့
ကောင်လေးတွေထဲမှာ ကျွှန်တော်(ညီညီ)လည်း အပါအဝင်ပေါ့ ..
(ဘော်ဘော်တို့ ရော) … မွေးလာကတည်းက စပြောရရင်

♦♦♦ ဘာမှမသိ …………… (ကလေးကိုးဗျ)…
နည်းနည်း အသက်(အတတ်)ရလာတော့ (လူလယ်ပိုင်းကိုပြောတာပါ)
ပညာရေးကစတင်ပြီး လူမှုရေးကို အနည်းငယ်နားလည်လာတယ် …
လူမှုရေးကတော့ လူငယ်ချင်းချင်းခင်ကြတဲ့ သူငယ်ချင်းဆိုတဲ့ စကားလုံးထဲမှာ
(၁၀နှစ်)ကြာလေလွင့်နေခဲ့တယ် …. ပြောရရင်တော့ ဘာမှမရှိသေးတဲ့ အသိပညာနဲ့ မာန်မာနကိုရှေ့ ထားပြီး
 “ငါကွ”  ဆိုပြီး လူကြီးတွေရဲ့ စကားအောက်က ရုန်းထွက်ချင်တဲ့
အချိန်လေးပေါ့ …အဟဲ…

♦♦♦ အခုကျွှန်တော် အသက် ၂၆နှစ်ရှိပါပြီ …
ဘဝကိုစာမေးပွဲတစ်ခုလို သဘောထားပြီး အစွမ်းကုန်ဖြေနေရတဲ့ အချိန်ရောက်ပြီလို့ လည်း
ကိုယ့်ကိုကိုယ် ယူဆထားတယ် … အခုတော့ ကိုယ့်ကိုကိုယ်စာမေးပွဲစစ်ကြည့်တယ် …
ပညာရေးနဲ့ ပက်သက်ရင်တော့ သိပ်ကံမကောင်းခဲ့ပါ … ဆိုလိုတာက စာသင်ကြားခွင့်အတိုင်းအတာ
တိုတောင်းတာကိုဆိုလိုတာပါ …(ကျောင်းမှာ အမြဲအဆင့်(၁)(၂) ကနေပြေးမလွတ်ဘူးဗျ ..
ကြွားတာမဟုတ်ဘူး .. အဟဲ .. စာစစ်စာမေးပွဲတင်မဟုတ် …အကုန်လုံးမှာပါ ….
အဲဒီအကုန်လုံးဆိုတာ ဘော်ဘော်တို့ လည်းသိမှာပါ … ကျောင်းသားဘဝမှာ) ……

♦♦♦(၁၀)တန်းကို အောင်မြင်ပြီးနောက်ပိုင်း ပညာရေးနယ်ကနေ ခုန်ထွက်ပြီး ဘာမှမသိသေးတဲ့ နယ်ပယ်ထဲမှာ ခြေချတယ် …
ဘာမှမသိဆိုတာက စီးပွားရေးလုပ်မယ်လို့ လည်းမဟုတ် ဟိုမဟုတ်ဒီမဟုတ်တဲ့ အနေအထားကိုပြောတာ ….
အဲဒီမှစတွေ့ တာ … “ငါကွ”ဆိုတာကြီးက ဒီအချိန်ကျမှ ဘယ်နားရောက်နေလဲ မသိ … အင်း ….
ကဲ..ဘော်ဘော်တို့ ရေ … အခုမှ ပညာရေးနယ်ကထွက်လာတဲ့ သူငယ်ချင်းနယ်ထဲက ထွက်လာတဲ့ ညီညီတစ်ယောက် …
ရှေ့ မှာက အနာဂတ် … မျက်နှာချင်းဆိုင်တွေ့  … အဲ … သိုင်းကားတွေထဲကလိုပဲ … မထိုးတတ် မခွတတ်နဲ့ 
ညီညီတစ်ယောက် အလူးအလဲပေါ့ …. အဲဘာရမလဲဗျ … ကျွှန်တော်လည်း သိုင်းသင်ရပေါ့ဗျ … ဒီနယ်ထဲရောက်မှ
စကားဆန်းဆန်း တစ်ခုကိုတွေ့ လာတယ် … “မိတ်ဆွေ”တဲ့ ... အဲ … သူငယ်ချင်းတော့ မဟုတ် …
အနည်းငယ်ကွာတယ် … အဲဒီမိတ်ဆွေတွေ ဆိုတာနဲ့ ကျင်လည်ခဲ့ရက အခုမှ “ငါကွ”ဆိုတာကြီးကို အဓိပ္ပါယ်ရှိရှိ ရေရွတ်နိုင်တယ် …

♦♦♦(ချွင်းချက်) ….. အဲဒီမိတ်ဆွေထဲမှာ ကောင်းသူဆိုတာရှိသလို မကောင်းသူဆိုတာလည်းရှိတယ် …
အဲဒီမှာမှ ကောင်းတဲ့လူတွေနဲ့ တွေ့ ခဲ့တဲ့ ကျွှန်တော် ကံကောင်းတယ်လို့ ပဲဆိုရမယ် …လူငယ်များအတွက်
ဒီအချိန်သည် အရေးကြီးသည် … မိမိရဲ့ အနာဂတ်အတွက် လမ်းရွေးချယ်ရမယ့်အချိန်မှာ အဲဒီမိတ်ဆွေကြီးတွေက
ထိပ်ဆုံးထိရောက်အောင်တွန်းပို့ ပေးနိုင်သလို အောက်ဆုံးထိကျအောင် (ပြန်မတက်နိုင်လောက်အောင်) တွန်းချနိုင်ကြတယ် …
ကိုယ့်ဒူးကိုယ့်ချွန်တော့ ရှိပါရဲ့ … ဒါပေမယ့် လူဆိုတာ တစ်ယောက်တည်းနဲ့ ရပ်တည်လို့ မရဘူးဆိုတာ ဘော်ဘော်တို့ လည်းသိပါတယ် …
 

♦♦♦  အဲအခုတော့ ညီညီတစ်ယောက်လမ်းစကို ရှာတွေ့ ပါပြီ … လမ်းစလို့ ဆိုလိုသည်မှာ အနာဂတ်ကြီးကို အံတုဖို့ မျက်နှာချင်းဆိုင်ချဖို့ အသိအတတ်တွေ နည်းနည်းရှိလာပြီလို့ ဆိုလိုတာပါ … 
       “ဘဝဆိုတာ လူမသေပွဲမပြီးဘူးဗျ ”… 
ကိုယ်ဘယ်လောက် အတိုင်းအတာအထိ တွန်းလှန်းနိုင်ခဲ့လဲ …ဘယ်အတိုင်းအတာထိမှာ ဘယ်လိုအနေအထားနဲ့ အဆုံးသတ်သွားတယ် ဆိုတာပဲရှိတယ် … အဲဒီတော့
ကျွှန်တော်တို့ တွေ ဘယ်လောက် ဘယ်အတိုင်းအတာထိမှာ ဘယ်လိုအနေအထားနဲ့ အဆုံးသတ်မယ်ဆိုတာကိုတော့
ဘယ်သူမှမသိနိုင်ပါလေ …

♦♦♦ သင့်ဘာလုပ်ချင်ပါသလဲ … သင်လုပ်ချင်တဲ့အရာကို ဘယ်လိုအချိန်မှာ ဘယ်လိုလုပ်ရမလဲစဉ်းစားနေရင် ဘာမှဖြစ်မလာဘူး …
ဗေဒင်တွေ သွားမမေးနဲ့  … သင့်အလုပ်ကို သင်အလုပ်ချင်ဆုံးအချိန်မှာ လုပ်တာဟာ အကောင်းဆုံးအချိန်ပဲ … နောက်တစ်ခု
လက်ခံထားတာက အပြုံးကိုသာ လက်ကိုင်ဆောင်ပါ … ရလာတဲ့ ဘဝအတိုင်းအတာတိုတိုလေးမှာ ရန်သူတွေပဲများနေတယ်ဆိုရင်
အနာဂတ်သည် ဝေးသထက်ဝေး … လမ်းဘေးစကားတွေကို ခေါင်းထဲမထားပါနှင့် … 

ကိုယ်နှင့်မသက်ဆိုင်တဲ့ စကားကို ဆိုလိုတာပါ …
တွေ့ သမျှကြားသမျှတွေသာ လိုက်ပါခံစားနေမယ်ဆိုရင် သင့်အတွက် အချိန်သည် နည်းနည်းပါးသွားလိမ့်မည် …

♦♦♦ ဘဝမှာ ကိုယ့်ကိုကိုယ်စာမေးပွဲ ခဏခဏစစ်ပေးပါခင်ဗျာ ♦♦♦

♦♦♦ဒီတော့ ကျွှန်တော်(ညီညီ)တစ်ယောက်လည်း ဘဝမှာ ကိုယ့်ကိုကိုယ်စာမေးပွဲစစ်စစ်ရင်းနဲ့  တခါတလေလည်းကျ … အလူးအလဲပြန်ထပြီးရှေ့ ဆက်နေပါကြောင်း ♦♦♦

ညီညီ(လောကမီးအိမ်)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: