လောကမီးအိမ်

လောကမှာငါသိတာ တစ်ခုရှိတယ်..ထိုအရာမှာ ငါသည်ဘာမှမသိ

“အတိတ်ဟောင်း”

♦♦♦  ငါလည်းသိပါတယ် … ပြီးဆုံးခဲ့ပြီဆိုတာ … ဒါပေမယ့်

နှလုံးသားက အစဖော်လို့ မင်းကို မေ့လို့ မရဖြစ်နေခဲ့တယ် …

တခါတလေ ကိုယ့်ရဲ့ နှလုံးသား အားနည်းချက်က

ပြန်ပြန်တောင်းဆိုလာတဲ့ အချိန်လေးတွေ …

မင်းလေးရှိခဲ့တဲ့ အချိန်လေးတွေပေါ့ …

ကုန်လွန်သွားတဲ့ အချိန်တွေမှာလည်း

ဘယ်နေရာကြည့်ကြည့် မျက်ရည်တွေ ရှိနေခဲ့တယ် …

လက်ရှိ အမှန်တရားအခြေအနေလေးမှာ အတိတ်ဟောင်းကနေ

ထွက်ပြီး ငါ့ဘဝကို ဆက်လျှောက်ချင်နေခဲ့တယ် …

♦♦♦  ဒါပေမယ့်လေ …..

ငါဘယ်လိုရပ်တန့် ရမလဲလေ .. မင်းလေးကို နှလုံးသားကမေ့ဖို့ 

ဦးနှောက်က နှလုံးသားကိုထိန်းကျောင်းစေဖို့ ရာ ..

ငါဘယ်လိုခိုင်းစေရမလဲ .. ကောင်မလေးရေ …

နှလုံသားနဲ့ ဦးနှောက်က အတူတူမလျှောက်လှမ်းပဲ တစ်လမ်းစီ

သွားနေလေရဲ့ …

♦♦♦  သြော် … ငါ့နှယ် …. ဘယ်လိုလုပ်ရပါ့ …

အတူတူရှိခဲ့တဲ့ အချိန်လေးတွေ … အခုတော့ဖျက်ဆီးခံရခဲ့ပေါ့ …

ကြာဦးမှာလား … ငါ့နှလုံးသားက ပြန်အနယ်ထိုင်မယ့်အချိန်ကျဖို့ လေ …

မင်းမရှိတော့တဲ့ နောက်ပိုင်းမှာပေါ့ …   ♦♦♦

(အဟဲ .. ဘာရယ်လို့ တော့မဟုတ်ပါ … နားထောင်ခဲ့ရတဲ့ ထိုင်းသီချင်းများကို ကြိုက်လို့ မြန်မာလို

အတတ်နိုင်ဆုံးပြန်ထားတာပါ … ကဗျာလိုလို ဘာလိုလိုရေးထားပြီး စာဖတ်သူများကို ပြန်လည်ဝေမျှခြင်းပဲဖြစ်ပါတယ်..

အဟဲ … ညီညီတစ်ယောက် ဟက်ထိထားတယ်လို့  အထင်မလွှဲကြစေကုန်တော့ .. ဘော်ဘော်တို့ ရေ …)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: