လောကမီးအိမ်

လောကမှာငါသိတာ တစ်ခုရှိတယ်..ထိုအရာမှာ ငါသည်ဘာမှမသိ

“မြိုင်ရာဇာညီညီကျွန်ုပ်နှင့် ဖုန်းလေဒီ”

အဟဲ .. ပျင်းလို့ ဟိုကောက်ရေးဒီကောက်ရေးလုပ်တာပါခင်ည … ဘော်ဘော်တို့ ကိုရယ်စရာ မကောင်းတဲ့
ရယ်စရာပုံပြင်လေး တစ်ပုဒ်ပြောပြမယ် … ဒန့် ဒန့် .. ကာလာကာဖွင့်……

ဒီနေ့ ညတော့ အားလို့ ညီညီတစ်ယောက် အလုပ်မလုပ်ပဲ (အားမှတော့ ဘာအလုပ်ရှိလဲ..ဟင်း) အချစ်တော်
ကွန်ပြုတာရှေ့ မှာ ဂိမ်းကစားနေလေရဲ့ … ဂိမ်းကတော့ RA2 Yuri ဖြစ်ပါတယ် … 

အင်း တစ်ဖက်ကို ဘယ်လိုဖဲ့ရမလဲ စဉ်းစားခန်းလေး ဝင်နေရတာပေါ့ … 
ဒီပွဲတော့ သေချာပေါက်နိုင်ရမှာပေါ့ဗျာ …
အဟဲ … အတွေးလေးကကောင်း ကစားကွက်ကလေးကကောင်းနဲ့  မျက်မှောင်ကြုတ်ပြီးဂိမ်းချနေတဲ့အဖြစ်ကိုဘော်ဘော်တို့ပဲ  မြင်ကြည့်ကြပေတော့ … 

အဲ … ကောင်းကွက်လေးတွေရမှ မောက်စ်ကိုကိုင်ပြီး ဆော့မယ်ကြံတုန်း

“ညီညီ..ဖုန်းလာနေတယ် … ညီညီ ..ဖုန်းလာနေတယ် ………xxxxxxx” … ဘယ်ကခေါ်တာပါလိမ့် …

အတွေးကခေါင်းထဲမထွက်တော့ ဘာတုန်းကွလို့ အော်ထည့်လိုက်တယ် … အမယ့် .. သူကမရပ် ..
“ညီညီ..ဖုန်းလာနေတယ် … ညီညီ ..ဖုန်းလာနေတယ် ………xxxxxxx”.. အဲ..ခက်ရော့ ..
အနီးအနား လှည့်ကြည့်တော့ ဘယ်သူမှမရှိ … အင်း .. အဲ .. ဟိုက် ..
ကျွန်တော့်ဖုန်းလေးက အော်နေတာကိုးဗျ … ကိုယ်တိုင် ရင်တုန်းလေးထည့်ထားတာ မေ့နေတယ်… အဟီ..

“ဟလို”..အမိန့် ရှိပါရှင် .. အဲ .. အမိန့် ရှိပါခင်ဗျာ … တဖက်က …

“သူ..အိပ်နေလား … ဒါမှမဟုတ် နိုးနေလား .. အိပ်တော့မှာလား … အားရဲ့ လားဟင်…”

“ ဟုတ်ကဲ့ .. ကျွန်တော်မအိပ်ပါဘူး .. နိုးနေပါတယ် … မအိပ်သေးပါဘူး … အား.xxxx..မအား”

အဲ..ခဏနော် .. တဖက်ကအသံက မိန်းကလေးဗျ .. ကြည့်လိုက်တော့ ဖုန်းနံပါတ်ကကွန့် တက်စ်ထဲက
မဟုတ်တော့ အသစ်ပေါ့ … အဲ…မအားဘူးလို့ ပြောရမှာ ခက်သား .. အားတယ်လို့ ပြောရင်လည်း
လိမ်ရာကျမယ် … နေဦး … ဘယ်သူလဲမသိ …ဝါသနာကိုးက..

“မအား တအားပဲဗျ .. အခု..ဖုန်းဆက်တာ ..ဘယ် ..”..စကားမဆုံးလိုက် …

“ဒို့ သူ့ ကို အရမ်းလွမ်းတာပဲ….” အဲ..တေချမ်း …

တခါမှမမြင်ဖူး ..အဲတခါမှ မကြားဖူးတဲ့ ဖုန်းနံပါတ်အသံရှင်လေးက ကျွန်တော့်ကို အရမ်းလွမ်းတယ်တဲ့ ..ဗုဒ္ဓေါ ..
အဲ..တစ်ခုခုတော့ မှားနေလောက်ပြီ … ဒါကြောင့် …

“ဟလို … ကျွန်တော်မဟုတ်…..xxxx”..စကားမဆုံး

“သူ .. အရမ်းနေနိုင်တယ်နော် .. ဒို့ ကိုသတိမရဘူးလားဟင်..ရက်စက်တော့မယ် .. အင့်ဟင့်..”

စကားမဆုံး.. ငိုသံလေးပါ အဆစ်လိုက်လာတယ် .. မဟုတ်သေးဘူး ..ဆက်ရန်…

“အခုဒို့ သူ့ ကို အရမ်းသတိရနေတယ် .. ဒို့ ဘာလုပ်နေတယ်ထင်လဲ .. သူပေးထားတဲ့နာရီလေးကို ကိုင်ရင်းသူ့ ကို…xxx“ ..အင့်..ဟင့်

သွားပြီ…ငိုသံနောက်မျက်ရည်လိုက်လာပြီ .. ညီညီတစ်ယောက်အတော်လေး မျက်လုံးပြူးသွားတယ်..တေချမ်း …
ကိုယ့်ကိုကိုယ်လည်း မင်းဘယ်လိုလုပ်တာလဲ .. သူများသားသမီးကို မျက်ရည်ကျအောင်လုပ်ရသလား .. အဲအဲလို .. ဟာ…
မဟုတ်သေးပါဘူး … ကျွန်တော်ကမှ မဟုတ်တာဗျ .. ဒီတော့ကာ

“ဟို..ဟိုလေ .. ကျွန်တော် ..တော်..”..(အသံတုန်နေသည်) …တဖက်က

“ရပါတယ် .. သူ့ ပျှော်မယ်ဆို ဒို့ လွမ်းရမယ်ဆိုလည်း လွမ်းပါ့မယ် … သူ့ ကိုသတိရတိုင်း ဖုန်းဆက်ခွင့်လေးတော့ ပေးနော် …”

“သူ့ ကိုအရမ်းချစ်တယ် … xxx” … တဖက်က မပြောမဆိုဖုန်းချသွားတယ် … ကျွန်တော့်မှာတော့ ဖုန်းကလေးကိုင်ရင်းနဲ့ ..

လက်တွေတုန်လို့ …. ခုနက ဂိမ်းကစားကွက်လေးတောင် ဘယ်ရောက်သွားလဲမသိ … သေချာတာကတော့ ကောင်လေးတစ်ယောက်နဲ့ 
ကောင်မလေးတစ်ယောက် ချစ်ခဲ့ကြရာမှာ ကောင်လေးက ကောင်မလေးကိုလမ်းခွဲလိုက်တဲ့ အနေအထားမှာ ကောင်မလေးက
ကောင်လေးကို သတိတရနဲ့ လွမ်းပြီး ဖုန်းလှမ်းဆက်ရာကနေ ငိုနေတဲ့အတွက် လက်တွေတုန်ရာကနေ ဖုန်းနံပါတ်နိုပ်မှားပြီး
ကျွန်တော့်ဆီ ရောက်လာတယ်ထင်တယ် … ချက်ချင်းထပြီး ရေခဲသေတ္တာကိုဖွင့် ရေခဲရေဗူးကို တဝမော့ချလိုက်တယ် …

အခုမှအဆင်ပြေသွားတယ် … ဒီညတော့ RA2 Yuri လည်းကစားလို့ ရတော့မှာ မဟုတ် … နဖူးပေါ်လက်တင်ပြီး အိပ်လိုက်တယ် ..
စိတ်ထဲမှာတော့ ဖုန်းလေဒီလေး ပြန်ဆက်လာရင်ကောင်းမယ်လို့  … တမျိုးမတွေးကြပါနဲ့ .. ရှင်းပြမလို့  …. ဟိုစဉ်းစားဒီစဉ်းစားနဲ့ 
အိပ်ပျော်သွားတယ် … နောက်တနေ့ မနက် …

ဖုန်းလေးထဲမှာ မက်ဆေ့စ်(Massage)တခုဝင်နေတယ် .. ကြည့်လိုက်တော့ ညကဖုန်းလေဒီနံပါတ် ..ဖွင့်ကြည့်တော့ …

“Very Sorry …!!!”တဲ့ ….

(စာမူခလေး တနားသွားကြပါခင်ညာ … ညီညီ(လောကမီးအိမ်)….)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: