လောကမီးအိမ်

လောကမှာငါသိတာ တစ်ခုရှိတယ်..ထိုအရာမှာ ငါသည်ဘာမှမသိ

ဗိုင်းရပ်စ်မထိအောင် Autorun ကိုရှောင်..

           အရင်ပိုစ့်မှာ ပြောပြထားတဲ့ CD,DVD အကြောင်းနဲ့ ပတ်သက်တဲ့အကြောင်းလေးတွေ
ဆက်ရေးဖြစ်ပါတယ် … ဒါကတော့ Autorun ကိုပိတ်ထားခြင်းပါပဲ …
မိမိစက်မှာ ဒီလို autorun ပိတ်ထားခြင်းအားဖြင့် CD,DVD,USB Drive,HD Drive,Mobile
တွေထဲက ဝင်လာနိုင်တဲ့ဗိုင်းရပ်စ်ရန်ကနေ ကာကွယ်နိုင်ပါလိမ့်မယ် …
Autorun ရဲ့ လုပ်ဆောင်ချက်က သူရှိနေတဲ့ Drive တခုခုကို စက်ထဲထည့်လိုက်တာနဲ့ 
အော်တိုအလုပ်လုပ်အောင် ဖွဲ့ စည်းထားခြင်းပဲဖြစ်ပါတယ်…ဒါပေမယ့် ဒါကိုလက်သင့်ခံတဲ့
စက်ရှိမှလည်း အလုပ်လုပ်လို့ ရတာပါ .. ပုံမှန်အားဖြင့် ကျွန်တော်တို့ သုံးနေတဲ့စက်တွေ
အားလုံးဟာ Autorun ကိုလက်သင့်ခံထားတာချည်းပါပဲ … မပိတ်ထားပါဘူး ..
Decives တွေစက်ထဲ ထည့်လိုက်တာနဲ့ Desktop မှာပေါ်ပေါ်လာအောင်ဖွင့်ပေးတဲ့အတွက်
သုံးရတာလည်း အဆင်ပြေတယ်လေ … အဲ .. ဒါကိုလည်း ဗိုင်းရပ်စ်ကလည်း ကြိုက်တယ်ဗျ …
အဲဒီတော့ ဗိုင်းရပ်စ်မထိရလေအောင် ဒီလိုလေးလုပ်ထားကြမယ်ဗျာ …
 
(၁) CD,DVD,Mobile,USB Drive များဖွင့်ကြည့်ခြင်း
ကွန်ပြုတာထဲက Drive များကိုဖွင့်ချင်ရင် အောက်ကအတိုင်းသွားကြပါခင်ဗျာ ..
Double Click နဲ့ သွားခြင်းဟာ Autorun ကိုဖွင့်ပေးသလိုဖြစ်တဲ့အတွက်
မသုံးစေချင်တာပါ … Autorun = open
Double Click = open ဒါကြောင့် Double Click = Autorun..

 ဒီအတိုင်းအမြဲဖွင့်နိုင်ရင် အကောင်းဆုံးပါပဲ … ဒီလုပ်ဆောင်ချက်ကတော့
Drives များကို Open နည်းနဲ့ မသုံးပဲ Explore နည်းနဲ့ သုံးတဲ့အတွက်
Open နဲ့ လုပ်ထားတဲ့ Autorun ဗိုင်းရပ်စ်ရန်ကနေကာကွယ်နိုင်ပါလိမ့်မယ် …
ဒါပေမယ့် အထက်ပါပြောခဲ့သလိုပဲ Autorun ကိုပိတ်ထားရပါလိမ့်မယ် …
ဒါလေးပိတ်ထားရင်တော့ CD,DVD,Mobile ..etc စတဲ့Drives များမှာ
ပါလာတတ်တဲ့ Autorun တွေကိုကာကွယ်နိုင်မှာပါ …

(၂) Autorun ကိုပိတ်ထားခြင်း

ဒါလေးပိတ်ထားပေးပါ..

(၃) ဗိုင်းရပ်စ်ရှိမရှိ ဖွင့်ချင်ရင်တော့

ဒါလေးလုပ်ပေးလိုက်ပါ .. ဒါမှဖျောက်ထားတဲ့ ဖိုင်လေးတွေတွေ့ ရမှာဖြစ်ပါတယ်..
Autorun ပိတ်ထားပြီး အထက်ပါအတိုင်း Drives တွေကိုဖွင့်မယ်ဆိုရင်တော့
ဗိုင်းရပ်စ်ရန်က အများကြီးကာကွယ်နိုင်ပါလိမ့်မယ် …
ဒါလေးလုပ်ထားရုံနဲ့ အရင်ပိုစ့်က CD,DVD တွေထည့်လိုက်တာနဲ့ 
ဝင်းဒိုးကျသွားမျိုးမဖြစ်တော့ဘူးပေါ့ ခင်ဗျာ ….
စိတ်မချသေးရင်တော့ ဆော့ဝဲလေးတွဲသုံးနိုင်ပါတယ် .. ဒီလင့်မှာ သွားဖတ်ပါ …
(မှတ်ချက်။ ။ အထက်ပါအကြောင်းအရာများသည် အရမ်းလွယ်ကူ၍လူအားလုံးနီးပါးလို
သိကြပါတယ်..ဒီလိုအသေးစိတ် ရေးပြရခြင်းကတော့ အခုမှကွန်ပြုတာစသုံးတဲ့ လူများအတွက်
ရည်ရွယ်ပါတယ်…အရမ်းလွယ်ကူပေမယ့် သတိမထားပဲဒီအတိုင်းသုံးနေမယ်ဆိုရင်တော့
ဘာမဟုတ်တာလေးနဲ့ မလိုအပ်တဲ့ဗိုင်းရပ်စ်ထိခြင်း ဝင်းဒိုးကျခြင်းတွေဖြစ်နိုင်တဲ့အတွက်
အားလုံးကိုသတိပေးရင်းနဲ့ ဒီပိုစ့်ကိုရေးသားလိုက်ပါတယ်..)
ညီညီ(လောကမီးအိမ်)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: