လောကမီးအိမ်

လောကမှာငါသိတာ တစ်ခုရှိတယ်..ထိုအရာမှာ ငါသည်ဘာမှမသိ

နောက်ဆုံးအချစ်ကို ဖက်တွယ်ခြင်း

အချစ်ဆိုတာတစ်ခုထဲနဲ့ မလုံလောက်ခဲ့ဖူးဆိုတာ သိပါတယ် … မင်းကိုငါ့အနားမှာ
ခေါ်ထားဖို့ လေ … အရင်လို အခြေအနေတွေ ပြန်လည်ရဖို့ ဆိုတာပေါ့ …
မင်းလိုအပ်တဲ့အခါ .. မင်းတနေရာကို ထွက်သွားချင်တဲ့အခါ
ငါနားလည်ပါတယ် .. ငါကိုင်ထားတဲ့ မင်းလက်ကို လွတ်ပေးဖို့ အသင့်ပါပဲ …
ငါဘယ်လောက်ပဲကောင်းခဲ့ပါစေ .. ချစ်ခဲ့တုန်းက အခြေအနေလေးမှာ
မှားနေတာကိုက ငါ့မှာ“အချစ်”ဆိုတာပဲ ရှိခဲ့တာလေ …
ငါ့နဲ့ အတူဝမ်းနည်းဖို့  လမ်းကြမ်းတွေပေါ်လက်တွဲလျှောက်လှမ်းဖို့ 
မဖြစ်နိုင်ခဲ့တာ ငါသိပါတယ်လေ … နှလုံးသားကိုလည်း ပြန်လည်ပြီး
အသက်မသွင်းလိုတော့ပါဘူး …
ချစ်ခဲ့တုန်းက “ငါတို့ ”ဆိုတဲ့ အများကိန်းလေးက အခုတော့
တစ်ကိုယ်တည်းဆိုတဲ့ အနည်းကိန်းနဲ့ အတူ အချစ်ဟောင်းအဖြစ်ကို
မရောက်ချင်ပဲ ရောက်ခဲ့ရတယ် … 
ကောင်မလေးရေ .. မင်းမသွားခင်လေးမှာ ငါမင်းကို ရင်ခွင်ထဲမှာ
ထွေးပိုက်ခွင့်လေးပေးပါလား … နှလုံးသားထဲစိမ့်ဝင်သွားတဲ့အထိ
ထွေးပိုက်ဖက်တွယ်ထားပါရစေ ..လမ်းခွဲသွားမယ့် မင်းလေးကိုပေါ့ …
ကျန်နေတဲ့ မိနစ် စက္ကန့် ပိုင်းလေးအဆုံးထိပေါ့ …
ဘယ်လောက်ပဲ ကွဲရှနေပါစေ … နှလုံးသားက
ဘယ်လောက်ပဲ အက်ကွဲရှတနေပါစေ … ငါမင်းကို အပြုံးလေးနဲ့ 
နှုတ်ဆက်ဖို့ အားတော့ ရှိမှာပါ ..

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: