လောကမီးအိမ်

လောကမှာငါသိတာ တစ်ခုရှိတယ်..ထိုအရာမှာ ငါသည်ဘာမှမသိ

“ ပိုးလေးတစ်ကောင်ရဲ့ ဖြစ်စဉ်”

ပိုးကောင်လေး တစ်ကောင်ပါ … ဘာမှတန်ဖိုးမရှိခဲ့ပါဘူး …
ပန်းပင်လေးရဲ့ ကိုင်းနားထက်မှာ ရှင်သန်ခဲ့ရတာက လွဲရင်ပေါ့ ..

ပန်းပွင့်လေးရဲ့ ရနံ့ တွေကို ရူရှိုက်ရင်း ကြာလာတဲ့အခါ
ပန်းပွင့်လေးပေါ် သံယောဇဉ်တွယ်မိလေပေါ့ …

ငါကပိုးကောင်လေးပါ … ငါကြောင့်မင်းအလှတွေပျက်စီးသွားမှာကို
ငါအစိုးရိမ်ဆုံးပဲပန်းကလေးရေ …

ငါက ပိုးကောင်လေးပါ … ကိုယ့်ကိုကိုယ်တောင်ပြန်မကြည့်ပဲ
ပန်းလေးကိုပဲ စွဲလမ်းစိတ်နဲ့ မထိရက် မကိုင်ရက်ခဲ့ပါ …

ငါကပိုးကောင်လေးပါ … ပန်းကလေးပေါ် ကိုလိပ်ပြာတွေ
လာလည်ကြတဲ့အခါ ငါ့မှာ နေမထိထိုင်မထိနဲ့ … သူတို့ က
ငါ့ထက် လှပတဲ့အဆင်းတွေရှိကြတယ်လေ …

ငါကပိုးကောင်လေးပါ … မိုးတွေကြား နှင်းတွေကြား
မီးခိုးတွေကြား ပိုးသတ်ဆေးတွေကြားမှာ အလူးအလဲခံရင်း
ပန်းကလေးမင်းနားမှာ ခစားခဲ့တာ ဘယ်သူမှမမြင်ခဲ့လေဘူး …

ငါကပိုးကောင်လေးပါ … နောက်ဆုံးထွက်သက်မှာတော့
ငါခန္ဓာကိုယ်မြေခလို့ ပန်းလေးမင်းအတွက် မြေသြဇာလေးတော့
ဖြည့်ခွင့်ပေးပါပန်းကလေးရေ …



ညီညီ(လောကမီးအိမ်)..

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: