လောကမီးအိမ်

လောကမှာငါသိတာ တစ်ခုရှိတယ်..ထိုအရာမှာ ငါသည်ဘာမှမသိ

Deep Freeze Standard V6.61.20.2822

 ကွန်ပြုတာကို သူများတကာမကလိရလေအောင် ရေခဲစိမ်ကြမယ် … တချို့ မသိကြသေးတဲ့
ဘော်ဘော်တွေအတွက် နည်းနည်းပြောပြမယ်ခင်ဗျ .. ဒီဆော့ဝဲလေးရဲ့ အလုပ်လုပ်ပုံကတော့
သူကိုသွင်းထားတဲ့ စက်ကို LOCK မဖွင့်ပဲနဲ့ ဘာပဲလုပ်လုပ် ဘာမှမဖြစ်ပါဘူး .. ဥပမာဗျာ ..
ကိုယ့်စက်ကို သူများလာကိုင်ပြီး ဟိုဖျက်ဒီဖျက်လုပ်သွားတယ် .. ဆော့ဝဲတွေ အင်စတောလုပ်သွားတယ် ..
ဒါမှမဟုတ် ဆော့ဝဲတွေဖျက်သွားတယ် … ဟိုလုပ်ဒီလုပ်ရင် ဝင်းဒိုးဗိုင်းရပ်စ်ထိသွားတယ်ခင်ဗျ ..
အဲဒါတွေအားလုံးဟာ စက်ကို Restart ပေးလို့ ပြန်ဖွင့်လိုက်တာနဲ့ အားလုံးဟာ
ပုံမှန်အတိုင်းရှိနေပါလိမ့်မယ် .. ဒီကောင်လေးနဲ့ လော့ချထားလို့ ပါ …
ကျွန်တော်တို့ စက်ကိုပြန်လည်ပြုပြင်ချင်ရင်တော့ LOCK ပြန်ဖွင့်ပြီး
လိုချင်သလိုပြင်ဆင်ပြီးမှ LOCK ပြန်ချမယ်ခင်ဗျာ …
ကိုယ့်လောချထားချင်တဲ့ Drive ကိုလော့ချနိုင်ပါတယ် … Drive များကိုရွေးချယ်ပြီး
လော့ချနိုင်သလို အားလုံးကိုလည်း လော့ချနိုင်ပါတယ် …
ဒါပေမယ့် တစ်ခုရှိတာက လော့ချထားတဲ့ Drive မှာလော့မဖွင့်ပဲ
တစ်ခုခုသိမ်းခဲ့မယ်ဆိုရင် Restart လုပ်လိုက်တာနဲ့ အကုန်ပျက်ကုန်မယ် …
ဒါကြောင့် ပုံမှန်ဆိုရင် ဝင်းဒိုးတင်ထားတဲ့ Drive C:\ ကိုပဲလော့ချလေ့ရှိတယ် …
ပြီးတော့ DATA တွေကျတော့ ကျန်တဲ့လော့မချထားတဲ့ Drive တွေမှာသိမ်းပါတယ် …
ဝင်းဒိုးတင်ပြီး သုံးချင်တဲ့ဆော့ဝဲတွေတင် အားလုံးပြီးစီးတဲ့အခြေအနေမှာ
ဒါလေးထည့်သုံးတာ အကောင်းဆုံးအချိန်ပါပဲခင်ဗျ …
အဲလော့ချပြီးမှ ပြန်တင်ချင်လည်း လော့ဖွင့်ရုံပါပဲ …အောက်ကပုံများကို
ကြည့်ပြီး Install လုပ်ပုံ သုံးပုံတွေကို လေ့လာနိုင်ပါတယ်ခင်ဗျ…
အထက်ပါနေရာမှာ Use Evaluation ကလစ်ကိုဖြုတ်ပါ … CD Key ထည့်ပေးပါ …
CD Key : 8VSWPE24-NGGS7E14-E4R23V0B-J8ZTPBE3-5182QW4S
အထက်ပါနေရာမှာလော့ချမယ့် Drive တွေကိုရွေးပေးရပါမယ် … Drive ရှိသလောက်
ပေါ်ပါလိမ့်မယ် .. ပုံမှန်အားဖြင့် ဝင်းဒိုးရှိတဲ့ C Drive ကိုပဲလော့ချကြပါတယ်…
Install လုပ်ပြီးတဲ့အခါမှာတော့ စက်က Restart ကျသွားပါလိမ့်မယ် …ပြန်တက်လာတဲ့အခါ
Start Bar ရဲ့ ညာဖက်ထောင့်မှာ အောက်ပါပုံလေးပေါ်နေပါပြီ …
သုံးဖို့ နဲ့ စကားဝှက်ထည့်ဖို့ Icon ပေါ်လေးမှာ Shift ကိုနှိပ်ထားပြီး Click နှစ်ချက်ခေါက်ပါ …
ဒီအတိုင်းပေါ်ပါလိမ့်မယ်..စကားဝှက်မထည့်ရသေးတဲ့အတွက် OK ပဲနှိပ်ပေးပါ…
 
ဒါလေးပေါ်လာပြီးရင်တော့Passwordမှာစကားဝှက်အသစ်နှစ်ခါရိုက်ပေးပြီး စကားဝှက်ကိုထည့်ပေးပါ..ပြီးရင် Apply and Reboot ကိုနှိပ်ပေးပါ … စက်ပြန်တက်လာတဲ့အခါမှာတော့
ဒီဆော့ဝဲလေးက စကားဝှက်နဲ့ တကွအလုပ်လုပ်နေပါပြီ..
(သုံးတဲ့အခါ သိထားရမှာက Boot Frozen လော့ချထားပါတယ်..Boot Thawed လော့ဖြုတ်ထားပါတယ်..
ဒါတွေကို ပြောင်းတိုင်း Apply and Reboot ကိုအမြဲလုပ်ပေးရပါမယ်)
ဒေါင်းလုပ်ယူပါခင်ဗျာ … သုံးနည်း EBook လေးလဲပါဝင်ပါတယ်..
အဆင်ပြေကြပါစေ .. ညီညီ(လောကမီးအိမ်)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: